fb နဲ့ VK ရဲ့ အားသားချက်၊ အားနည်းချက်များ
===============================
VK အကောင့် ဖွင့်ပြီး သုံးကြည့် စမ်းကြည့်ပါတယ်။ အဲဒီမှာ fb နဲ့ တူတာတွေ ရှိသလို မတူတာတွေလည်း တွေ့ရပါတယ်။ ၃/၄ ချက်စီလောက် ပြောပြချင်ပါတယ်။
အားနည်းချက်တွေ အရင်ပြောချင်ပါတယ်။
၁။ like reaction တစ်ခုပဲ ပါပါတယ်။ fb မှာ like ရော sad ရော haha, angry, love , wow တွေ စုံစုံလင်လင် ရှိပါတယ်။ တစ်ခါတစ်လေ thankful reaction လည်း ရပါသေးတယ်။ ဒါကြောင့် VK မှာ reaction ပိုင်းမှာ like က လွဲပြီး အခြားရွေးစရာမရှိပါဘူး။
၂။ stickerတွေ fb လောက် မစုံလင်ဘူး။
၃။ postလုပ်တဲ့အခါ fri တွေကို tag တွဲလို့ မရသေးဘူး။
၎။ comment တွေ ကျစ်လစ်မှု မရှိပါဘူး။ ဒါကလည်း ဟိုအရင် fb တုန်းကလိုပါပဲ။
VK မှာ တစ်ဦးချင်းစီကို သီးသန့်စီ reply ပြန်လို့မရဘူး။ အဲ့တော့ comment တွေ ဖောင်းပွပြီး စုစည်းမှု မရှိသေးပါဘူး။
၅။ securityပိုင်းမှာ fb ကလို အဆင့်ဆင့် အထပ်ထပ် ပိတ်ထားတာမရှိဘူး။ two-factors authenticationတို့ login approvedတို့ မပါဘူး။ pc versionမှာတော့ ပါတယ်ပြောပါတယ်။
၆။ fb က လူပေါင်း သန်းနှစ်ထောင်ကျော် သုံးစွဲနေတယ်။ VK က လူသန်း၁၀၀လောက်ပဲ သုံးကြသေးတယ်။
အားသားချက်များ
၁။ file အမျိုးအစားအစုံ post တင်နိုင်တယ်။ အကြိုက်ဆုံး အချက်ပါပဲ။ VK မှာ pdf တွေ word file တွေ text file တွေ Power Point presentation တွေ mp3 တွေ တိုက်ရိုက် တင်လို့ရပါတယ်။
fb မှာလို icloud တို့ Drive တို့လို online storage တွေဆီ အရင်တင်၊ link ပြန်ထုတ်ပြီး တင်စရာမလိုသလို linkတွေ သေသွားတဲ့ ပြသ၁နာမျိုးကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။
၂။ ထို့အတူ message box ကနေလည်း file အမျိုးအစားအစုံ ပို့လို့ရပါသေးတယ်။
၃။ privacy option တွေ ရိုးရှင်းလွယ်ကူတယ်။ ဘယ်သူတွေကို reply မလုပ်စေချင်ရင်၊ comment မလုပ်စေချင်ရင်၊ postတွေကို မမြင်စေချင်ဘူးရင်၊ ပုံတွေကို မမြင်စေချင်ဘူးလား...
စသည်ဖြင့် တစ်နေရာထဲမှာ ခလုတ်တစ်ချက်တည်းနဲ့ setting လုပ်ထားနိုင်တယ်။
fb လို ဟိုဝင်ဒီထွက်တွေ လုပ်စရာမလိုဘူး။
၎။ message box ကို မသုံးချင်ရင် အလွယ်လေး ပိတ်ထားရုံပဲ၊ fb လို ကထိကရ မများဘူး၊ friend မဟုတ်သူတွေကို သီးသန့်ပိတ်ထားလည်း ရတယ်။
၅။ group တွေ page တွေ game တွေ request ဝင်တာတွေကို အလွယ်တကူ ပိတ်ထားလို့ ရပါတယ်။
---—
ချုံငုံသုံးသပ်ကြည့်ရင် VK ဟာ fb လောက် လူသုံး မများသေးသလို လူငယ်အကြိုက် ရွေးချယ်စရာတွေ မပြည့်စုံသေးပါဘူး။
ကမ္ဘာအနှံ့ မဖြစ်မနေ ချိတ်ဆက်နေရတဲ့ သူတွေအတွက် fb က ပိုပြီး အဆင်ပြေတယ်။
အချက်အလက်တွေ ရှာဖွေဖို့လည်း fb က ပိုအဆင်ပြေတယ်။ ဒါပေမဲ့ VK က settingတွေ ရိုးရှင်းလွယ်ကူတယ်။
fb ထက် ကုန်ကျစရိတ် နည်းမယ်၊ file type အစုံ post တင်ခြင်း message ပို့ခြင်း လုပ်နိုင်တဲ့အတွက် လူကြီးတွေ စာသမားတွေအတွက် ပိုအဆင်ပြေနိုင်တယ်။
social platform တစ်ခုအဖြစ် မသုံးချင်ရင်တောင် online storage/ cloud storage တစ်ခုအဖြစ် သုံးလို့ကောင်းတာ တွေ့ရပါတယ်။
fb က အမေရိကန် အခြေစိုက်ဖြစ်ပြီး VK က ရုရှားအခြေစိုက်ဖြစ်တယ်။
အမေရိကန်ဟာ မြန်မာနဲ့ နိုင်ငံရေး အတင်းအမာလေးတွေ ရှိတယ်၊ ရခိုင်အရေးမှာ အကွဲအပြဲတွေ ရှိတယ်။
ရုရှားကတော့ မြန်မာနဲ့ပတ်သက်ရင် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ ဘာသာရေး... အားလုံးလိုလို ဘာမှ ဆန့်ကျင်ဘက်ပြုတာ မရှိဘူး။
ဒါကြောင့် ရိုးရိုး entertainmentအတွက်ဆို fb က အများကြီးသာတယ်။ လှို့ဝှက်အပ်တဲ့ အမှုကိစ္စတွေဆို VK က ပိုပြီး စိတ်ချလို့ ရနိုင်တယ်လို့ ထင်တယ်။
ဒါ့ကြောင့် ဘယ်လို ရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ် fb ကနေ VK ဘက် ပြောင်းသုံးနေသူတွေဟာလည်း fb ကို ပြစ်ချထားခဲ့လို့တော့ မရနိုင်သေးဘူးဆိုတာ တွေ့ရပါမယ်။
သတင်းဖတ်ဖို့၊ fb နဲ့ မဆန့်ကျင်တဲ့ အခြား အမှုကိစ္စတွေ ဆောင်ရွက်ဖို့ fb ဟာ ရှိနေဦးမှာ ဖြစ်ပါတယ်။
fb မှာပဲ နေမယ့်သူတွေလည်း လိုရမယ်ရဖြစ်ဖြစ် online storage ဖြစ်ဖြစ် VK ကို တွဲဖက်သုံးစွဲမယ် ဆိုရင်လည်း အကျိုးယုတ်စရာ မရှိနိုင်ကြောင်း သုံးသပ် တင်ပြအပ်ပါသည်။
Emotion တွေနဲ့ ဆုံးဖြတ်နေကြတာထက် ဉာဏ်ကို လွှာသုံးပြီး ဆုံးဖြတ်လုပ်ကိုင်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါကြောင်း အကြံပြုလိုပါတော့သည်။
#မြန်မာသတင်းစုံ