၂၀၁၈ ကြားဖြတ်ရွှေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကိုယ်စားလှယ်ကို လိမ်လည်မှုဖြင့် အမှုဖွင့်အရေးယူမည်
တောင်ငူ၊ စက်တင်ဘာ၎
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီမှ ၂၀၁၈ ကြားဖြတ်ရွှေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ဇေယျာအား ဒေသခံတောင်သူတစ်ဦးမှ စပါးဖိုးငွေကြေးရလိုမှု ဖြင့်အမှုဖွင့် အရေးယူရန်စီစဉ်နေကြောင်း သိရသည်။
ဖြစ်စဉ်မှာ အုတ်တွင်းမြို့ ကြက်သွန်ခင်း၊( ၂ )ရပ်ကွက် ခိုင်ရွှေဝါလမ်းနေ ဒေါ်သန်းထွေးဆိုသူတောင်သူအမျိုးသမီးမှ ဦးကျော်ဇေယျာသည် ၎င်းထံမှစပါးများအား လွန်ခဲ့သောငါးလခန့်မှ ဝယ်ယူထားပြီး ယခုအခါတွင် ငွေကြေးလိုအပ်လာသဖြင့်အဆိုပါစပါးများအား ကာလပေါက်ဈေးဖြင့် ဖြတ်ရောင်းမည်ဟု အကြိမ်ကြိမ်သွားရောက်ပြောဆိုခဲ့သော်လည်း ယနေ့အချိန်အထိ ပြန်လည်ပြောကြားခြင့်မရှိခဲ့သဖြင့် ဝယ်ယူသွားသောစပါးများအား အခြားတွင်ရောင်းချရန် ပြန်လည်တောင်းဆိုသော်လည်း မရရှိသဖြင့် ဥပဒေနားလည်တက်ကျွမ်းသူများနှင့်တိုင်ပင်၍ အမှုဖွင့်တိုင်ကြားသွားမည်ဖြစ်ကြောင်း ရှေ့နေတစ်ဦးထံမှ သိရသည်။
"လူပါးဝတယ်ထင်လို့ တိုင်မှာ။ သူ့ပစ္စည်းမှမဟုတ်တာသူ့ဟာသူဘာကောင်ဖြစ်ဖြစ် ကျမချွေးနဲစာနဲ့ လုပ်ထားတဲ့စပါးတွေ သူဝယ်မယ်လို့ အိမ်ကလည်းကျဉ်းလို့ သူ့ဆီအပ်ထားတာ အရင်ကလည်း ဆက်ဆံထူးတယ်။ အဆင်ပြေတယ်၊ ခုကစပါးလည်းပြန်မရ ငွေလည်းမရတော့ ဥပဒေအတိုင်းပဲ ကျမဆက်လုပ်မယ် အမှုဖွင့်မယ် ရှေ့နေနဲ့တိုင်ပင်နေတယ်။သူ့ညွန်ကြားချက်အတိုင်းလုပ်မယ်။ ကျမ အကြိမ်ကြိမ်သွားတောင်းပြီးပြီမရဘူး ဖုံးလည်းမကိုင်တော့ဘူးခုကျတော့ သူရိုးသားရင်ကိုင်လေ တခါကိုင်တယ်။ အစည်းအဝေးရောက်နေတယ်တဲ့ မဲကိစ္စအတွက်တဲ့ မအားသေးဘူးတဲ့ လေသံမာမာနဲ့ နားမလည်ဘူးလားဆိုတော့ ကိုယ့်ပစ္စည်းနဲ့ကိုယ်တောင်ပြန်ကြောက်နေရတယ်။ သူတို့ပါတီကိုလည်းတိုင်စာတင်ပေးမယ်လို့ပြောတယ်"လို့နစ်နာသူဒေါ်သန်းထွေးမှပြောကြားသည်။