ဖေ့ဘွတ်ကနေ VK ကို ဝမ်းသာအားရ ပြောင်းကြတဲ့အခါ ထုံးစံအတိုင်း အားပေးကြသူလည်းရှိ၊ ဖာသိဖာသာနေတဲ့လူလည်း ရှိကြတဲ့အပြင် ဘာလုပ်လုပ် အပြစ်ပြောချင်ကြသူလည်း ရှိကြတယ်...... ဒါကတော့ ထုံးစံပါပဲ......
.
VK က အပြာအစုံရှိပြီး ဖေ့ဘွတ်လို ၁၈+ တွေ မဖျက်ပစ်လို့ ကလေးတွေအတွက် စိတ်မချရဘူးလို့ ဆိုကြတာလည်း တွေ့ရတယ်..... မြန်မာလိုရေးထားတဲ့ ၁၈+ တွေမပြောပါနဲ့ ဖေ့ဘွတ် Search မှာ Cursor သွားချလိုက်တာနဲ့ မြန်မာတွေ အရှာဆုံး History ကို ပြတာ တော်ရုံ ဆန့်ကျင်ဘက်လိင်ရှေ့မှာ မဖွင့်ရဲလောက်အောင်ပဲ...... ပေါလည်း ပေါတာကိုး....... ဒါတွေကို တောကတစ်ချို့ကတော့ သိမယ်မထင်......
.
နောက်တစ်ချက်က Personal Data Security နဲ့ကိုင်ပေါက်ပြန်တယ်....... ဖေ့ဘွတ်၊ အက်ပဲလ်၊ ဂူဂဲလ်နဲ့ မိုက်ခရိုဆော့တို့ဟာ အမေရိကန်အစိုးရအတွက် လျှို့ဝှက်ထောက်လှမ်းနေပါတယ်လို့ စနိုဒန်က တရားဝင်ပြောပီးသား.......
.
အိုင်ဖုန်းတွေကနေ အိုင်ဖုန်းယူဆာတွေမသိအောင် ဖုန်းကနေ အချက်အလက်တွေ ယူနိုင်တယ်၊ အသံဖမ်းနိုင်တယ်၊ ရုပ်သံကင်မရာလည်း ဖွင့်နိုင်တယ်ဆိုတာလည်း ဝန်ခံထားပီးသား......
.
ဒါကြောင့် တကယ့် ထိပ်သီးအစည်းအဝေးတွေမှာ ဖုန်းမပြောနဲ့ Smart နဲ့ဆိုင်တဲ့ပစ္စည်း ကုန်ကုန်ပြောရရင် Smart Watch တောင် အဝတ်မခံဘူး....... အထူးသဖြင့် ဂျာမန်အဓိပတိမာခဲလ်ကြီးကို အမေရိကန်က ရှဲဒိုးလုပ်တဲ့ကိစ္စ ဘူးပေါ်သွားပီးနောက်ပိုင်းမှာပေါ့......
.
ကိုင်ပေါက်စရာမရှိတော့ VK ဟာ စိတ်မချရဘူး မလုံခြုံဘူးဆိုပီး ခြိမ်းခြောက်တယ်...... ရေးတဲ့လူ လေ့လာမှုအား အတော်နည်းတဲ့လို့ပဲ ဆိုချင်တယ်...... လုံခြုံစိတ်ချရတဲ့နယ်ပယ်ဆိုတာ အွန်လိုင်းမှာ မရှိသလောက်ပဲ......
.
အင်မတန်လုံခြုံပါတယ်ဆိုတဲ့ Apple ရဲ့ iCloud တွေ ပွင့်ထွက်ကုန်တာမယ် ကမ္ဘာကျော် မင်းသမီးတွေရဲ့ ဝတ်လစ်စလစ်ပုံတွေ ပွင့်ထွက်လာလို့ ဂျနီဖာလောရင့်လေးဆို နှမြေတသ ဝမ်းနည်းစွာနဲ့ ကိုယ်တွေတောင် ဂလုခဲ့ရသေး အဟေးဟေး......
.
ကမ္ဘာ့ထိပ်တန်း ဆိုရှယ်နက်ဝါ့ တွစ်တာက သူ့ကိုအသုံးပြုတဲ့ ယူဆာ သန်းပေါင်း ၃၃၀ ကျော်ကို ပါ့စဝါ့ချက်ခြင်းပြောင်းခိုင်းခဲ့တယ်...... စစ်စတမ် အမှားကနေ ဟက်ကာတွေ ပါ့စဝါ့ကို အလွယ်တကူ ခိုးယူနိုင်တဲ့ အခြေအနေဖြစ်ခဲ့လို့......
.
အင်မတန် စိတ်ချရပါတယ်ဆိုတဲ့ ဖေ့ဘွတ်တောင် ၂၀၁၃ တုန်းက အသုံးပြုသူပေါင်း ၆ သန်းကျော်ရဲ့ ဖုန်းနံပါတ်တွေ၊ အီးမေးလ်တွေကို အမှတ်တမဲ့နဲ့ Published လုပ်ခဲ့ဘူးလို့ အရှက်ရခဲ့ရသေးတယ်......
.
Hack လုပ်ခံရသည်ဖြစ်စေ မည်သည့်နည်းနဲ့ပဲ Data Leaking ဖြစ်စေ ကိုယ့်ဒေတာတွေ ပါသွားတာပါပဲ...... သူများ ဆားဗစ်သုံးနေသရွေ့တော့ ဒါတွေကို ခံနိုင်ရည်ရှိအောင် ကြိုးစားရမှာပေါ့......
.
ဘာကြောင့်လည်းဆိုတော့ သူတို့ ဆားဗစ် စ သုံးကတည်းက T&C ကို ကိုယ်က Agree လုပ်ခဲ့ပီးသားလေ...... အဲ့ဒိ T&C ကိုတောင် ဆုံးအောင်ဖတ်ကြတဲ့သူနည်းတယ်လေ...... But များစွာခံထားတဲ့ Clause တွေနဲ့ သူတို့ဘက်က ကိုယ်လွတ်ရုန်းထားတာတွေကို ခလေးတွေကတော့ မြင်နိုင်မှာမဟုတ်ပါဘူး......
.
စာကလည်း ရှည်သွားပီဆိုတော့ ဒီလောက်နဲ့ပဲ ရပ်ပါရစေ..... မြန်မာစကားပုံရှိတယ် ကြံကြောက် လှည်းအောက်မနေနဲ့တဲ့...... ဆိုလိုရင်းက ကြံဖန် စဉ်းစားတွေးပီး ကြောက်နေရင် လှည်းအောက်တောင် မနေနဲ့ လှည်းရိုးကျိုးကျပီး ကိုယ့်အပေါ်ပိလို့ သေတတ်တယ်ဆိုလိုတာ......
.
ဒီတော့ ဘယ်ဟာမဆို သုံးတာမှာ စည်းတစ်ခုထား သုံးပီး တန်ဆေးလွန်ဘေး ထားတာတော့ အကောင်းဆုံးလို့ပဲ ဆိုပါရစေ........
Crd#